မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်များ (CO) ကိုစိစစ်ခွင့်ပြုထုတ်ပေးသည့် အာဏာပိုင်တစ်ရပ်ဖြစ်ပါသည်။ ပို့ကုန် တင်ပို့ သူများအတွက် CO လျှောက်ထားမှုများ ပိုမိုလွယ်ကူစေရန် ရည်ရွယ်ကာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များအား Online စနစ်ဖြင့် CO လျှောက်ထားနိုင်ရန် ဆောင်ရွက်ပေးထားပါသည်။
CofO သည် စာရွက်စာတမ်း သက်သေအထောက်အထားများအားလုံးကို Online တွင် Upload ပြုလုပ်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အချိန်နှင့် ငွေကြေးကုန်ကျမှု သက်သာစေပါ သည်။
ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ကို အတည်ပြုပြီးသည်နှင့် လျှောက်ထားသူသည် ငွေပေးချေမှုကို ဆောင်ရွက်နိုင်ပြီး၊ မိမိနေရာတွင် Print ထုတ်ယူနိုင်ပါသည်။ စီးပွားရေးနှင့်ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာနသို့ တစ်ကြိမ်လာရောက်ကာ လက်မှတ်နှင့် ရုံးတံဆိပ်တုံးရယူခြင်းဖြင့် အချော သတ်ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်ကို ရရှိမည်ဖြစ်ပါသည်။ Online CO လျှောက်ထားမှုများ ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးခွဲများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ကမ်နားလမ်းရှိ စီးပွား/ ကူးသန်းဝန်ကြီးဌာန၊ ရန်ကင်းမြို့နယ်ရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်း အဖွဲ့ရုံး၊ ကုန်သွယ်ရေး ဦးစီးဌာန နှင့် သီလဝါအထူးစီးပွားရေးဇုန်တို့တွင် တင်ပြနိုင်ပါသည်။
ယခုစနစ်သည် ပြည်ပသွင်းကုန် ကုန်ကြမ်းပါဝင်ထုတ်လုပ်သော ထုတ်ကုန်များအတွက် လိုအပ် သော ထုတ်ကုန်မှတ်ပုံတင်လက်မှတ်များကို လျှောက်ထားနိုင်ပြီး၊ အတည်ပြုပြီးသည်နှင့် လက် မှတ်နှင့် ရုံးတံဆိပ်မလိုအပ်ဘဲ စနစ်မှ တိုက်ရိုက် Print ထုတ်ယူနိုင်မည်ဖြစ်သည်။
ပို့ကုန်တင်ပို့သူများသည် အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်အရ အတည်ပြုပို့ကုန် တင်ပို့သူအဖြစ် Online မှတစ်ဆင့် လျှောက်ထားနိုင်သည်။ အတည်ပြုပို့ကုန်တင်ပို့သူ မှတ်ပုံတင် နံပါတ်ကို စနစ်မှ ထုတ်ပေးနိုင်ပြီး၊ အရောင်းပြေစာ စာရွက်စာတမ်းနှင့် အခြားတင်ပြရမည့် စာရွက် စာတမ်းများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လူကိုယ်တိုင်လာရောက် တင်ပြရန် မလိုအပ်ဘဲ စနစ်တွင် Upload ပြုလုပ်ပေးနိုင်သည်။