Online Certificate of Origin လျှောက်လွှာများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးခွဲများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ကမ်းနားလမ်းရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ရန်ကင်းမြို့နယ်ရှိရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းအဖွဲ့ရုံး၊ ကုန်သွယ်ရေးဦးစီးဌာန နှင့် သီလဝါအထူးစီးပွားရေးဇုန်တို့တွင် တင်ပြနိုင်ပါသည်။
သက်ဆိုင်ရာ နိုင်ငံစုံလွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်များ သို့မဟုတ် တစ်ဖက် သတ်အကောက်ခွန်သက်သာခွင့်ဆိုင်ရာ အစီအစဉ်များ၏ပင်ရင်းနိုင်ငံစည်းမျဉ်းများအရ မြန်မာ နိုင်ငံမှ တင်ပို့သော ကုန်စည်တစ်ခုသည် ပင်ရင်းထုတ်ကုန်အဖြစ် အရည်အချင်းပြည့်မီပြီး၊ ကုန် တင်သွင်းနိုင်ငံသို့ တင်သွင်းရာတွင် အကောက်ခွန်သက်သာခွင့် ရရှိစေပါသည်။
မြန်မာနိုင်ငံ၏ ပင်ရင်းထုတ်ကုန်အခြေအနေကို အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်မှတစ်ဆင့် အတည်ပြုနိုင်သည်။
GSP အစီအစဉ်အရ အီးယူ၊ နော်ဝေနှင့် ဆွစ်ဇာလန်နိုင်ငံတို့သို့ တင်ပို့မှုများအတွက် မှတ်ပုံတင်ပို့ ကုန်တင်ပို့သူများသည် “ပင်ရင်းထုတ်ကုန်ကြေညာချက်” ကိုဆောင်ရွက်နိုင်သည်။ မှတ်ပုံတင် ပို့ ကုန်တင်ပို့သူအဖြစ် အကြိုလျှောက်လွှာကို ဤနေရာတွင် ဖြည့်စွက်နိုင်သည်။
ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ဆိုသည်မှာ ကုန်တင်ပို့နိုင်ငံ၏ ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း သက်သေပြနိုင်သည့် အထောက်အထားကို ဆိုလိုသည်။ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်း နိုင်ငံသက်သေခံလက်မှတ်နှင့် အကောက်ခွန်သက်သာခွင့်နှင့် မသက်ဆိုင်သော ပင်ရင်းနိုင်ငံသက် သေခံလက်မှတ်ဟူ၍ လက်မှတ် (၂) မျိုး ရှိသည်။
ရိုးရိုးပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ဟု လူသိများသည့် အကောက်ခွန်သက်သာခွင့်နှင့်မသက်ဆိုင်သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ဆိုသည်မှာ ကုန်စည်၏ပင်ရင်းကို သတ်မှတ်ပေးသော စာရွက်စာတမ်းဖြစ်သည်။
အကောက်ခွန် သက်သာခွင့်သက်ဆိုင်သော ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်ဆိုသည်မှာ လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာ သဘောတူစာချုပ် (သို့) သက်သာခွင့်ဆိုင်ရာ အစီအစဉ်များ အရ တင်ပို့သော ကုန်ပစ္စည်းများ အား ဝယ်ယူသူ အနေဖြင့် လျှော့ပေါ့သည့် နှုန်းဖြင့် အကောက်ခွန် သက်သာခွင့်ရရန်(သို့) ကင်းလွတ်ခွင့်ရရန် ခွင့်ပြုသည့် ကုန်သွယ်မှုဆိုင်ရာ အထောက်အထားဖြစ်ပါသည်။
ကုန်ပစ္စည်းများ အနေဖြင့် လွတ်လပ်သော ကုန်သွယ်မှု ဒေသများ အရ ခံစားခွင့်ရရှိနိုင်မည့် အကောက်ခွန် နှုန်းများကို အောက်ဖော်ပြပါ link တွင် ဝင်ရောက်ကြည့်ရှု့လေ့လာ နိုင်ပါသည်-
မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များနှင့် ထုတ်ကုန်မှတ်ပုံတင် လက်မှတ်များကို စိစစ် ခွင့်ပြုထုတ်ပေးသည့် အာဏာပိုင်တစ်ရပ်ဖြစ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ ကုန်စည်အားလုံး အတွက် အကောက်ခွန်သက်သာခွင့်နှင့် မသက်ဆိုင်သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် ထုတ်ပေးခွင့် အာဏာအပ်နှင်းထားပြီး၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်သို့ ရေထွက်ကုန်စည်များအတွက် အကောက် ခွန်သက်သာခွင့်နှင့် မသက်ဆိုင်သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ထုတ်ပေးခွင့် အာဏာ အပ်နှင်းထားပါသည်။
သို့ဖြစ်ရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်သည် ကုန်စည်အားလုံးအတွက် အကောက်ခွန်သက်သာခွင့်နှင့် မသက်ဆိုင်သော ပင်ရင်း နိုင်ငံသက်သေခံလက်မှတ်များကို စိစစ်ခွင့်ပြုထုတ်ပေးနိုင်ပြီး၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် သည် ရေထွက်ကုန်စည်များအတွက် အကောက်ခွန်သက်သာခွင့်နှင့် မသက်ဆိုင်သော ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များကို စိစစ်ခွင့်ပြုထုတ်ပေးနိုင်ပါသည်။
“အတည်ပြုပို့ကုန်တင်ပို့သူ” အစီအစဉ်ဆိုသည်မှာ အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်အောက်ရှိ ရှေ့ပြေးစီမံကိန်းတစ်ရပ် ဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကအတည်ပြုထားသည့်အတည်ပြုပို့ကုန်တင်ပို့သူများသည် CO Form-D လျှောက်ထားခြင်းအစား ၎င်းတို့ကုန်စည်များ၏ပင်ရင်းကို ကြေညာနိုင်ပါသည်။ ဤပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့်စနစ်မှာ အာဆီယံဒေသတွင်း ကုန်စည်စီးဆင်းမှုကို ပိုမိုလွယ်ကူ စေပါသည်။
စီးပွားရေးလုပ်ငန်းရှင်များသည် ဤ Website မှတစ်ဆင့် အတည်ပြုပို့ကုန်တင်ပို့သူ မှတ်ပုံတင်နံပါတ်ကို လျှောက်ထားရယူနိုင်ပြီး၊ ၎င်းတို့၏ အရောင်းပြေစာကြေညာချက်များအား Upload ပြုလုပ်ပေးနိုင်ပါသည်။ ဤနည်းဖြင့် စီးပွား/ ကူးသန်းဝန်ကြီးဌာနသို့ လူကိုယ်တိုင် စာရွက်စာတမ်းများအား လာရောက်တင်ပြရန် မလိုအပ်တော့ပေ။
အချက်အလက်များထပ်မံသိရှိလိုပါက-