အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ကုန်သွယ်မှုစနစ်တွင် အပြန်အလှန်မဟုတ်သည့် တစ်ဖက်သတ် စနစ်နှင့် အပြန်အလှန်စနစ်ဟူ၍ ပုံစံ (၂) မျိုးရှိပါသည်။ တစ်ဖက်သတ် အကောက်ခွန်သက်သာခွင့် ဆိုင်ရာ ကုန်သွယ်မှုစနစ်ကို စက်မှုဖွံ့ဖြိုးသည့်နိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်၍ ဆောင် ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
နိုင်ငံစုံအကောက်ခွန်သက်သာခွင့်ဆိုင်ရာ ကုန်သွယ်မှုစနစ်မှာ စာချုပ်ဝင်နိုင်ငံများအကြား သဘော တူစာချုပ်များ ချုပ်ဆိုခြင်း ဖြစ်ပါသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် GSP အစီအစဉ်အရ အီးယူအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်နှင့် အခြား နိုင်ငံ (၁၁) နိုင်ငံကပေးသော တစ်ဖက်သတ် အစီအစဉ်၊ တောင်ကိုရီးယားနိုင်ငံက ဖွံ့ဖြိုးမှု အနည်း ဆုံးနိုင်ငံများအတွက် အကောက်ခွန်သက်သာခွင့်အစီအစဉ်၊ အိန္ဒိယနိုင်ငံကပေးသောအကောက်ခွန် သက်သာ ခွင့်အစီအစဉ်နှင့် တရုတ်နိုင်ငံကပေးသော အကောက်ခွန်ကင်းလွတ်ခွင့် အစီအစဉ်များ ကိုခံစားလျက်ရှိပါသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်းကြီး (အာဆီယံ) ၏အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံသည် အာဆီယံနှင့် တတိယနိုင်ငံများအကြားချုပ်ဆိုထားသည့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူ စာချုပ်များ၏ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် အောက်ဖော်ပြပါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် (၆) ခု၏ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်-
(၁) အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ
(၂) အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ
(၃) အာဆီယံ- ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဒေသ
(၄) အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု
(၅) အာဆီယံ-သြစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ
(၆) အာဆီယံ-အိန္ဒိယ လွတ်လပ်သော ကုန်သွယ်မှုဒေသ
တစ်ဖက်သတ် သို့မဟုတ် အပြန်အလှန်အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ကုန်သွယ်မှု အစီအစဉ် များအရ အကောက်ခွန်သက်သာခွင့်များကို ခံစားနိုင်ရန် ပို့ကုန်တင်ပို့သူများသည် သက်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များကို လျှောက်ထား၍ ကုန်တင်သွင်းနိုင်ငံ၏ သက်ဆိုင်ရာ အာဏာပိုင်ထံတွင် တင်ပြရမည်။
အောက်ဖော်ပြပါ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် လျှောက်ထားရယူနိုင်သည်-
ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် အမျိုးအစားများ |
သက်ဆိုင်ရာနိုင်ငံများ |
Generalized System of Preferences (Form-A) |
ဖွံ့ဖြိုးပြီးနိုင်ငံများ (၂၀၁၈ ခုနှစ်၊ ဧပြီလအထိ နိုင်ငံပေါင်း (၄၀) (သြစတြေးလျ၊ ဘီလာရုစ်၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ အိုက်စ်လန်၊ ဂျပန်၊ ကာဇစ်စတန်၊ နယူးဇီလန်၊ နော်ဝေ၊ ရုရှား၊ ဆွစ်ဇာလန်၊ တူရကီနှင့် အမေရိကန်) |
Generalized System of Preferences (ပို့ကုန်တင်ပို့သူ မှတ်ပုံတင်စနစ်) |
ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်၊ နော်ဝေ |
ကိုရီးယားသမ္မတနိုင်ငံမှ LDC နိုင်ငံများအတွက် အကောက်ခွန်သက်သာခွင့်အစီအစဉ် |
တောင်ကိုရီးယားနိုင်ငံ |
အိန္ဒိယနိုင်ငံမှ အကောက်ခွန်ကင်းလွတ်ခွင့် အစီ အစဉ် (Form-DFTP) |
အိန္ဒိယနိုင်ငံ |
တရုတ်နိုင်ငံ၏ အကောက်ခွန်ကင်းလွတ်ခွင့် အစီ အစဉ် |
တရုတ်နိုင်ငံ |
ATIGA Form-D |
အာဆီယံအဖွဲ့ဝင်နိုင်ငံများ (ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက် နမ်) |
Form-E |
အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ် |
Form-AK |
အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ကိရီးယား |
Form-AJ |
အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန် |
Form-AANZ |
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် သြစတြေးလျ၊ နယူးဇီလန် |
Form-AI |
အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယ |